CDF မင်းတပ်ထံသို့ ပြည်ပရောက် ချင်းတိုင်းရင်းသားအဖွဲ့များနှင့်အလှူရှင်များက လက်နက်အများ အပြား ထောက်ပံ့

Photo : Credit

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat ထံသို့ ပြည်ပရောက်ချင်းတိုင်းရင်းသား အဖွဲ့များနှင့် အလှူရှင်များက AK-47 သေနတ် ၄၀ လက်၊နှင့်ကျည် ၁၂၀၀၀ တောင့် အပါအဝင် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

International Mindat K’Cho Organization (IMCO)၊ Heal the worldနှင့် CEA(Norway)တို့က ထောက်ပံ့ခြင်းဟု ယနေ့(အောက်တိုဘာလ ၃ ရက်) တွင် တရားဝင် ထုတ်ပြန်ကြေညာသည်။ AK-47 သေနတ် ၄၀ လက်၊ကျည် ၁၂၀၀၀ တောင့်၊ကျည်အိမ် ၁၂၀ ကို စက်တင်ဘာလ ၂၈ရက်တွင် CDF-Mindat က လက်ခံရယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတကာရောက်ချင်းတိုင်းရင်းသား အဖွဲ့များသည် လက်နက်နှင့် ကျည်ဆန်များအပါအဝင် ချင်းကာကွယ်ရေးရဲဘော်များ၏ ကျန်းမာရေး၊ စားဝတ်နေရေး၊ ရိက္ခာ စသည်ဖြင့် လိုအပ်ချက်များကို အမြဲတစေထောက်ပံ့ခဲ့သော်လည်း ယခုမှသာ သတင်းထုတ်ပြန်ခြင်းဟု သိရသည်။

လက်ရှိတွင် မင်းတပ်ဒေသ၌ စစ်ရေးတင်းမာနေပြီး တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img