ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ မိုင်းယ နှင့် မုံးပေါ် ကြားရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝိန်းလတောင်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပူးပေါင်းစစ်ကြောင်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
‘’ KIA နဲ့ MNDAA တပ်ဖွဲ့တို့ ပေါင်းပြီး စစ်တပ်ကို မနေ့က မနက်ပိုင်းကတည်းက စတိုက်ကြတာ ၊ စစ်တပ်ဘက်ကလည်း လေယာဉ် တွေနဲ့လာပစ်ကူတယ် ၊ ဒါပေမဲ့လည်း သူတို့စခန်းကို KIA နဲ့ MNDAA က သိမ်းနိုင်သွားတယ်လို့ကြားတယ် ၊ စစ်တပ်ဘက်က အကျဆုံးလည်းများတယ် ၊ လက်နက်ခဲယမ်းတွေလည်းဆုံးရှူံးခဲ့ရတယ် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ဆုတောင်းတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီက လွိုင်တေးမိန်းတောင်ပေါ် တစ်ဝိုက်ကို လက်နက်ကြီးဖြင့် ၁၀လုံးဝန်းကျင်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ယမနေ့ ( အောက်တိုဘာလ ၁၉ ရက် ) မှ ပြန်လည်စတင်ဖွင့်လစ်ထားသော စယ်လန့်ကျေးရွာ ( အ . ထ . က )ကျောင်း နှင့် အနီးနားတစ်ဝိုက် အပြင်ကျောင်းတွေလည်း ပြန်လည်ပိတ်လိုက်ရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ထဲမှာလည်း မူဆယ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ နှင့် TNLA တို့ကြား တစ်လကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA + MNDAA ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်သိမ်းပိုက်
Related articles