အစ္စရေး – ပါလက်စတိုင်းအရေးတွင် ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေး၏လေကြောင်းဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဘက်၌ သေဆုံးသူ ၂,၃၂၉ ဦးအထိရှိလာပြီဖြစ်ကာ ဒဏ်ရာရရှိသူဦးရေ ၉,၀၄၂ ဦးအထိရှိလာပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။
ပြီးခဲ့သည့်စနေနေ့က ပါလက်စတိုင်းကအစ္စရေးနိုင်ငံတွင်းသို့ ရော့ကက်အလုံးရေ ၃,၀၀၀ ကျော်ပစ်ခတ်ကာစတင်တိုက်ခတ်ခဲ့ပြီး အစ္စရေးပိုင်နက်အတွင်းသို့ ကုန်းကြောင်း၊ရေကြောင်းနှင့် လေကြောင်းများဖြင့်ပါထိုးဖောက်ဝင်ရောက်လာသဖြင့် နှစ်ဖက်စစ်ရေးတင်းမာမှုများမြင့်တက်လာခဲ့ သည်။
အစ္စရေးဘက်က စစ်အင်အားအလုံးအရင်းဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေးကြွအဖွဲ့အား ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသကို ရေနှင့်လျှပ်စစ်ကို လည်းဖြတ်တောက်ခဲ့သည်။
ဂါဇာမြောက်ပိုင်းရှိပြည်သူတစ်သန်းကျော်ကိုလည်း တောင်ပိုင်းသို့ ၂၄ နာရီအတွင်းအရေးပေါ်ရွှေ့ပြောင်း ရန်လည်း ညွှန်ကြားခဲ့သည်။
တစ်ဖက်၌လည်း အစ္စရေးလူမျိုးများ၏သေဆုံးမှုနှုန်းသည် ၁,၃၀၀ အထိရှိလာပြီး ဒဏ်ရာရရှိသူအရေအတွက်ပေါင်း ၃,၄၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း သိရှိရသည်။