ယူသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
စက်တင်ဘာ ၂၉ရက်၊ ၂၀၂၃
အဂတိ နဲ့ တိုင်ကြားမှုတွေကြောင့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ကို အနားပေးပြီးတဲ့နောက် ပထမဆုံးပြန်လုပ်တဲ့ မနေ့က စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောလာပါတယ်။
” စစ်ကောင်စီဝင်တွေကို တာဝန်ပေးတဲ့အခါ အရင်က နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှု၊ လုပ်ငန်းတာဝန်လုပ်ဆောင်မှု နဲ့ ဖြတ်သန်းမှုတွေကိုကြည့်ပြီး တပ်ပိုင်းဆိုင်ရာ အရာရှိကြီးတွေ နဲ့ နယ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ယုံကြည်မှုနဲ့ တာဝန်ပေးအပ်ခဲ့တာဖြစ်တယ်၊ယုံကြည်လို့ တာဝန်ပေးထားတဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး ကိုယ်ကျိုးစီးပွားပြုလုပ်တာကြောင့် အဖွဲ့ဝင်အချို့ကိုအနားပေးထားပြီး ထိရောက်တဲ့အရေးယူမှုတွေ လုပ်ေဆာင်သွားမယ်” လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ စားသုံးဆီ နဲ့ စက်သုံးဆီ အပါအဝင် ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို ခွင့်ပြုတဲ့နေရာမှာ အဂတိလိုက်စားတယ် ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ တပ်တွင်းစုံစမ်းစစ်ဆေးမှုကို ခံယူနေရသူ ဖြစ်ပါတယ်။အလားတူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ကလည်း ပြည်ထဲရေးဝန်ကြီး လက်ထက်က မိသားစု စီးပွားရေးလုပ်ငန်းတွေကြောင့် တိုင်ကြားခံထားရသူ ဖြစ်ပါတယ်။
ဆီဈေးနှုန်းတွေအပါအဝင် ကုန်ဈေးနှုန်း ကို သတ်မှတ်ဈေးနှုန်းထက် အလွန်အကျွံမြှင့်တင် ရောင်းချနေသူတွေ နဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမယ့် အခြေအနေတွေကို ကောင်စီတွဲဘက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး က လည်း စက်တင်ဘာ ၂၈ ရက် က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
လက်တလော အချိန်မှာတော့ စစ်ဗိုလ်ချုပ်နှစ်ဦး နဲ့ လုပ်ငန်းရှင်တွေကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန နဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးက စစ်ဆေးမှုတွေပြုလုပ်နေတယ် လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
Credit – photo