ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်အုပ်စုမှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ အခွန်ကောက်ခံပေးသူ (၃) ဦးကို စစ်ကောင်စီဘက်က ပစ်သတ်လိုက်တယ်လို့ သတင်းရရှိထားသည်။
အောက်တိုဘာ ၁၈ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွားအနီး၌ စစ်ကောင်စီ ဘက်က နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကောင်စီဘက်က နမ့်စလပ်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ဖာတဲကျေး ရွာဘက်မှ မသင်္ကာဖွယ်အမျိုးသား (၃) ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်း သော်လည်း အဆိုပါ အမျိုးသားများက ဆက်လက်မောင်းနှင်ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရာ အမျိုးသား (၃) ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လက်နက်အချို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အမျိုးသား (၃) ဦးကို စစ်ဆေးကြည့်ရာ KIA တပ်ဖွဲ့ဝင်များဖြစ်နေပြီး ပစ်ခတ်ဖမ်းဆီးမှုမှာ – AK – 47 သေနတ်တစ်လက်၊ ဆိုင်ကယ်နှစ်စီး နှင့် ဆက်သွယ်ရေးပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်မြောက်ပိုင်းက လမ်းကြောပေါ်မှာ KIA ဘက်က ကားသမားတွေကို ပေါ်တင်အခွန်ကောက်လေ့ ရှိပြီး စစ်ကောင်စီတပ်နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။