ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စုမှာ အခြေချလုပ်ရှားနေသည့် စစ်ကောင်စီတပ် ဖွဲ့သည် ဒေသခံပြည်သူကို တစ်အိမ်တစ်ယောက်ပြည်သူ့စစ်လုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသ ခံမှတစ်ဆင့် သိရှိရသည်။
အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်က လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု ဟိုင်းဆိုင်စေတီ ကုန်းမှာ အခြေချလုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကန်းအွန်ကျေးရွာအတွင်းရှိ ဒေသ ခံရွာသားတွေကို တစ်အိမ်တစ်ယောက် ပြည်သူ့စစ်လုပ်ရမည်ဟု ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဒေသခံရွှာသားတစ်ဦးက ဆိုပါသည်။
“ဟုတ်တယ် ကျွန်တော်တို့ရွာထဲ ဝင်လာပြီး ရွာထဲကကြက်တွေကို လေးဂွနဲ့ပစ်ပြီး ယူသွားကြတယ်၊ ပြီးတော့ကျွန်တော်တို့ကို တစ်အိမ်တစ်ယောက်ပြည်သူ့စစ်လုပ်ရမယ်တဲ့၊ ကျွန်တော်တို့ပြည်သူ့စစ်မ လုပ်ရင် သူတို့လည်း ရွာကနေပြန်မှာမဟုတ်ဘူးလို့ ပြောတယ်၊ တစ်ရွာလုံးကဘယ်သူမှ ပြည်သူ့စစ် မလုပ်ချင်ကြဘူး ပြည်သူ့စစ်လုပ်ရမှာကြောက်လို့ တစ်ချို့အိမ်တွေက ထွက်ပြေးဖို့ စီစဉ်နေကြတယ်”လို့ ဆိုသည်။
လဲချားမြို့နယ်မှာ စစ်ကောင်စီတပ်အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA ၊ ဌာနေပြည်သူ့စစ်တို့ လှုပ် ရှားလျက် ရှိသည်။