လားရှိုးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ ပစ်ခတ်လိုက်သော လက်နက်ကြီး အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၁ ခွဲဝန်းကျင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခဲ့မှုကြောင့် လူနေအိမ် ၂ လုံး ထိမှန်ကာ( အသက် ၅၀) အမျိုးသမိးတစ်ဦး ပွဲခြင်းပြီးသေဆုံးခဲ့ရပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဒေသခံတစ်ဦးက – “ မနေ့ကညဘက်ကြီး ၁၁ ခွဲလောက်ရှိမယ် ၆၈ တပ်ကနေ လက်နက်ကြီး ၃ လုံးတစ်လုံးကို ဟိုနမ့်ရွာဘက်ကို ပစ်တော့ ညကြီးအချိန်မတော်တော့ လန့်သွားတာပေါ့ ၊ ဒီကနေ့ရောက်တော့ ဟိုနမ့်ရွာက အမျိုးသမီးတစ်ယောက် လက်နက်ကြီးထိမှန်လို့ အဲ့မှာတင်ပွဲခြင်းပြီးသေဆုံးသွားတယ် ၊ အရေးထဲမှ အဲ့အဒေါ်က တစ်ယောက်ထဲနေတာအိမ်မှာ ၊ နောက်နှစ်ယောက်တော့ ထိခိုက်ဒဏ်ရာနဲ့ လားရှိုးဆေးရုံမှာ လာရောက်ကုသနေရတယ် “ လို့ သိရပါတယ်။
လက်နက်ကြီးထိမှန်လို့ ပွဲခြင်းပြီး သေဆုံးသွားတဲ့ အမျိုးသမီးမှာ ဒေါ်နန်းစံ ( အသက် ၅၀ ) အရွယ်ဖြစ်ပြီး ထိခိုက်သူများမှာ ဒေါ်နန်းပိန်း ( အသက် ၄၈ ) အရွယ် နှင့် ဒေါ်နန်းဟန် ( အသက် ၈၀ ) အရွယ်တို့ ဖြစ်ကြောင်း သိရပါတယ်။
လားရှိုးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ တစ်ရက်ထဲမှာပဲ အပစ်မဲ့ပြည်သူတို့ နေထိုင်ရာကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img