လားရှိုးမြို့တွင်း ရပ်ကွက်တစ်ချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်တွင်းရှိ ယာဉ်အရေအတွက် လိုက်လံကောက်ခံနေ

Photo : Credit

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်း ရပ်ကွက်တစ်ချို့တွေမှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်းမှာရှိတဲ့ ယာဉ်အရေအတွက်တွေကို လိုက်လံကောက် ခံနေတယ်လို့ သိရပါတယ်။

လားရှိုးမြို့ ရပ်ကွက်(၁၀) မှာ ယာဉ်ထိန်းရဲတွေက ရပ်ကွက်အတွင်းရှိ နေအိမ်တွေကို တစ်အိမ်တက်တစ် အိမ်ဆင်းပြီး အိမ်တစ်အိမ်မှာ ကား၊ ဆိုင်ကယ် အစီးရေဘယ်လောက်ရှိလဲဆိုတာတွေကို လိုက်မေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောလာပါတယ်။

“ အောက်တိုဘာ ၁၉ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဉီးဆောင်ပြီးတော့ ရပ်ကွက်မှာ ရှိတဲ့ ဆိုင်ကယ် အရေအတွက်တွေ၊ ကားအရေအတွက်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းပြီး လိုက်လံ ကောက်ခံနေတာပါ၊ ဘာအတွက်ကြောင့် ကောက်တယ်ဆိုတာတော့ မသိရပါဘူး” လို့ ဆိုပါတယ်။

လားရှိုးမြို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့က စပြီး ယာဉ်ထိန်းရဲတွေဟာ မြို့အတွင်း သွားလာနေတဲ့ ဆိုင်ကယ်တွေကို ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန်၊ နံပါတ်ပြားတွေ ယာဉ်မောင်းလိုင်စင်တွေကို စစ်ဆေးပြီး ဖော်ပြပါအချက်တွေပျက်ကွက်ခဲ့လျှင် ဆိုင်ကယ်အပြီးပိုင်သိမ်းလိုက်တာတွေ ရှိနေပါတယ်။

အောက်တိုဘာ ၁၄ရက်ကနေယနေ့ထိ ဖမ်းဆီးနေတာဖြစ်ပြီး တစ်ပတ်တာအတွင်း ဆိုင်ကယ်အစီးရေ ၄၀၀ ကျော် လောက်ရှိနေပြီး သိမ်းဆည်းခံရတဲ့ဆိုင်ကယ်တွေကို လာရောက်ထုတ်ယူခွင့်မပေးဘူးလို့ သိရ ပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img