လားရှိုးမြို့က ပရိဘောဂဆိုင်တစ်ဆိုင် သေနတ်ပစ်ခံရ

Photo : Credit

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ရပ်ကွက် (၈) မှာ ဖွင့်လှစ်ထားတဲ့ FINE ပရိဘောဂဆိုင်တစ်ဆိုင်ကို ယမနေ့ အောက်တိုဘာ ၁၆ရက် ည ၇ နာရီခွဲအချိန်ခန့်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရှိရပါတယ်။

 မနေ့ညက လူနှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ ဆိုင်ရှေ့ရောက်လာပြီး သေနတ်နဲ့ ဆိုင်တံခါးကို တစ်ချက် ပစ်ပြီး မန်ဆူဘက်မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

“ ဆိုင်တံခါးဘောင်ကို ပစ္စတိုနဲ့ တစ်ချက်ပစ်သွားတယ်၊ လူအထိအခိုက်တော့ မရှိဘူးလို့ ” ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုးမှာ FINE ပရိဘောဂဆိုင် နှစ်ဆိုင် ရှိပြီး တစ်ဆိုင်ကို အောက်တိုဘာ ၁၄ ရက်နေ့က ဗုံးခွဲတိုက်ခိုက် ခံရပြီး ယခုလည်း နောက်တစ်ဆိုင်ကို မနေ့ညက ပစ္စတိုသေနတ်နဲ့ လာရောက်ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

လားရှိုးမြို့ပေါ်က ကုန်စုံဆိုင်ကြီးတွေ ဟိုတယ်တွေ ဗုံးပေါက်ကွဲတာ ပထမကြိမ်မဟုတ်ပေမဲ့ အခုနောက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတာက လက်နက်ကိုင်အဖွဲ့အစည်းတစ်စုက ဆက်ကြေးတောင်းတာကို မပေးလို့ ခြိမ်းခြောက်သတိပေး တိုက်ခိုက်နေတာဖြစ်မယ်လို့ မြို့ခံတွေက ပြောဆိုနေကြပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img