ရှမ်းပြည်တပ်မတော် SSPP/SSAနှင့် ပလောင်တပ်ဖွဲ့ TNLAတို့ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၃ရက်၊၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စုအတွင်း သွားလာလှုပ်ရှားနေတဲ့ ပလောင်တပ်ဖွဲ့ TNLA စစ်ကြောင်းနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSAတို့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ပစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းအချိန်မှသာ သေနတ်သံတွေ ရပ်စဲ သွားခဲ့ပါတယ်။

Photo Credit.

ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် SSPP/SSAရဲ့ ထိန်းချုပ်မှုနယ်မြေဖြစ်တဲ့ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအုပ်စု ကိုဦးတည်သွားတဲ့ SSPP/SSA လက်အောက်ခံ တပ်ရင်း ၈၅၁ စစ်ကြောင်းအား မိုင်းယုကျေးရွာအုပ်စု ဖာပိန်းကျေးရွာနဲ့ မန်ပန်ကျေးရွာကြားမှာ ပလောင်တပ်ဖွဲ့ TNLAရဲ့ စစ်ဦးစီးချုပ်ရဲ့ လက်အောက်မှာရှိတဲ့ သာဟိုပလန်(မိုင်အောင်မိန်း)နဲ့ တပ်ရင်း ၈၇၆ နှစ်ခုပေါင်း လူအင်အား ၁၅၀ ယောက် ရှိတဲ့ အင်အားနဲ့အတူ ပလောင်တပ်ဖွဲ့ TNLAမှ မန်ပန်ရွှာမှာ လာစောင့်ခိုပြီး SSPP/SSAစစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

Photo credit.

အဆိုပါတိုက်ပွဲပြီးနောက် နှစ်ဦးနှစ်ဖက်စစ်ရေးတင်းမာနေချိန်ဖြစ်တာကြောင့် တိုက်ပွဲထဲမှ အကျအဆုံးကိုတော့ရှိပေမယ့် အသေးစိတ်တော့ မသိရသေးပါဘူး။

photo credit.

#shanstatechannel

#တိုက်ပွဲ

#SSPPSSA

#ပလောင်တပ်ဖွဲ့

Latest articles

spot_imgspot_img

Related articles

spot_imgspot_img