စက်တင်ဘာ ၁၆ရက်၊ ၂၀၂၃
ကရင်ပြည် – ထိုင်းနယ်စပ်ရှိ ဒူပလာခရိုင်၊ ကော့ကရိတ်မြို့နယ် ပိုင်ကလန်ကျေးရွာ အနီးတွင်တည်ရှိ သော စစ်ကောင်စီတပ်၏ ရေတလျောက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်း ရမိခဲ့တယ်လို့ ယမနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ KNU ဗဟိုက ကြေငြာချက် ထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ကောင်စီစခန်းအား KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာလ ၁၄ရက်၊ နံနက် (၇:၅၅) မိနစ်မှ စတင်၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ နံနက် (၈:၂၀) မိနစ် အချိန်ခန့်တွင် စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ (၉) ဦးသေဆုံးပြီး အခြားတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ် ရေတလျောက် စခန်းမှ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ (၃) ဦးဒဏ်ရာရပြီး (၁) ဦးမှာ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားကြောင်း KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
Credit-photo