ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ သဲကုန်းကျေးရွာရှိ အသက်မပြည့်သေးသူ ကျောင်းသား ၃ ဦးအပါဝင် အရပ်သားဒေသခံ ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
သတ်ဖြတ်ခံခဲ့ရသူများမှာ ကိုဇော်သူ ၊ ကိုဇော်မောင် ၊ ကိုမောင်လင်း တို့ဖြစ်ပြီး သတ်ဖြတ်ခံရသူများထဲတွင်ပါဝင်သော အသက်မပြည့်သေးသူ ကျောင်းသား ၃ ဦးမှာ မောင်သန့်ဇင်ဦး ၊ မောင်သန်းထိုက် နှင့် မောင်ခန့်နေနိုင် တို့ဖြစ်ကြောင်းလည်း သိရပါတယ်။
စစ်ကောင်စီက သတ်ဖြတ်ခံရသူများကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တနေ့ စစ်ကြောင်းထွက်ချိန် ရွာအထွက်ပိုင်းတစ်နေရာမှာ ရှားအနှစ်တုတ်ဖြင့် ရိုက်သတ်ခဲ့ပြီး ထိုနေ့မှာပဲ ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးကိုလည်း ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီ စစ်ကြောင်းမှာ ယင်းမာပင်မြို့နယ် အတွင်းရှိ ရင်ပေါင်တိုင်ရွာ နဲ့ မြင်သာကုန်းရွာ တစ်ဝိုက်မှာ သွားလာလုပ်ရှားနေကြောင်းလည်း သိရပါတယ်။
ယင်းမာပင်မြို့နယ်ထဲမှာ အသက်မပြည့်သေးသူ ကျောင်းသား နှင့် အရပ်သားဒေသခံကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်
Related articles