မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရှရုားနိုင်ငံသို့သွားရောက်ရန် အထူးရထားဖြင့် ထွက်ခွာ

စက်တင်ဘာ ၁၃ရက်၊ ၂၀၂၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အထူးရထားဖြင့် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြုံယမ်းမှ ထွက်ခွာခဲ့ကြောင်း Voice of Korea အသံလွှင့်ဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo credit.

အဆိုပါခရီးစဉ်တွင် မြောက်ကိုရီးယား၏ အဆင့်မြင့် ပါတီ၊ အစိုးရနှင့် စစ်ဘက်အရာရှိများ လိုက်ပါကြမည်ဖြစ်ကြောင်း သိရပါတယ်။ ကင်ဂျုံအန်းနှင့်အတူလိုက်ပါသွားသော မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဝင်များအမည်ကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကင်ဂျုံအန်းတို့ မကြာမီ တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဗ်က စက်တင်ဘာ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။

#shanstatechannel

#ကင်ဂျုံအန်း

#ရုရှားသွားရောက်

Latest articles

spot_imgspot_img

Related articles

spot_imgspot_img