မူဆယ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ မှ လေယာဉ် ၊ လက်နက်ကြီး အသုံးပြုပြီး အဆက်မပြတ် ပစ်ခတ်နေ

စက်တင်ဘာ ၂၆ရက်၊၂၀၂၃

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စု နမ့်လိန် – မန်းဟန် ကျေးရွာ အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီမှ တိုက်လေယာဥ် အသုံးပြုပြီး အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရပါတယ်။

Photo credit.

ထို နမ့်လိန် – မန်းဟန်ကျေးရွာ သည် မူဆယ်မြို့နှင့် ၁၁မိုင်ခန့် ကွာဝေးပြီး မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ အာဏာသိမ်းစစ်တပ်မှ အဆိုပါကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့်လည်း အဆက်မပြတ် ပစ်ကူနေကြောင်းလည်း သိရပါတယ်။

“ လေယာဥ်နဲ့လည်း ဗုံးလာကြဲတယ် ၊ ၁၀၅ မိုင်ကနေလည်း စစ်တပ်ဘက်မှ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ကူနေတာ ၊ အခုပစ်ခတ်နေတာက TNLA တွေကို ပစ်တာထင်တာပဲ ဘာလို့ဆို ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့နဲ့ စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့သေးတယ်လေ “ ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

ထို့အပြင် မော်တောင်းကျေးရွာအုပ်စု မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ TNLA ၊ SSPP/ SSA ၊ KIA တို့ သွားလာလှုပ်ရှားရာ ဒေသလည်းဖြစ်ပါတယ်။

Photo : Credit

#shanstatechannel

#စစ်ကောင်စီ

Latest articles

spot_imgspot_img

Related articles

spot_imgspot_img