အောက်တိုဘာ ၁ရက်၊ ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ နမ့်အွမ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာအနီးမှာ ရေခဲချောင်းသည်တစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။
ရေခဲချောင်းသည်ဟာ မူဆယ် ၁၀၅ မိုင် ကနေ နမ့်အွမ်ဘက်ကို မကြာခဏ ရေခဲလာရောင်းလေ့ရှိ တယ်လို့ ဆိုပါတယ်။ ယမနေ့ စက်တင်ဘာ ၃၀ ရက်နေ့ ၂ နာရီဝန်းကျင်မှာ အမည်မသိ လက်နက်ကိုင်အ ဖွဲ့တစ်ဖွဲ့က မန်ဟောင်း နှင့် ကောင်းဝိန်းကျေးရွာကြားက လမ်းမပေါ်မှာ ထိုရေခဲချောင်းသည်ကို ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ရေခဲချောင်းသည်၏ အလောင်းကို မူဆယ်လူမှုကူညီရေးအသင်းက သယ်ဆောင်သွားပြီး ပြည်သူ့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့နယ် နမ့်အွမ်အုပ်စုထဲမှာ အဖွဲ့ပေါင်းစုံလှုပ်ရှားလျက်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ထဲမှာ TNLA နဲ့ စစ်ကောင်စီတို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဖြစ်ပါတယ်။
Credit – photo