မူဆယ်မြို့တွင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA ) နာမည်ခံပြီး ငွေကြေးလိမ်လည် ကောက်ခံနေ

Photo : Credit

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာ နယ်စပ်ဒေသ မူဆယ်မြို့တွင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA ) နာမည်ခံပြီး အခွန်ဆောင်ခိုင်းခြင်းဖြင့် ငွေကြေးလိမ်လည် ကောက်ခံနေကြောင်း သိရပါတယ်။

ထို ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA ) နာမည်ခံပြီး  မူဆယ်မြို့အတွင်းရှိ  စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်ဆောင်ခိုင်းခြင်းဖြင့် ငွေကြေးကောက်ခံနေမှုမှာ လိမ်လည်မှုတစ်ရပ်ဖြစ်ကြောင်း ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA )တာဝန်ခံ လင်းလင်း က ပြောဆိုထားပါတယ်။

“ MNDAA ( ၆၁၁ )တပ်မဟာ ရဲ့ ကွပ်ကဲမှုအောက်မှာ စစ်ရေးလှုပ်ရှားနေသလို ပြည်သူထံအခွန်ကောက်ခံခြင်း မရှိပါဘူး ၊  ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA ) အနေနဲ့ မူဆယ်မြို့ထဲမှာ အခြေမချထားသလို ၊ လှုပ်ရှားမှုတာဝန်လည်း မပေးထားဘူး ၊အကယ်၍ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA ) အမည်ဖြင့် ငွေကြေးလိမ်လည်မှုကြုံတွေ့လာလျှင် ( BPLA )က အခွန်ကောက်ခံခြင်း မရှိကြောင်း ပြောဖို့လိုသလို ၊ ပေးဆောင်ဖို့ မလိုအပ်ကြောင်း  ” ပြောဆိုခဲ့ပါတယ်။

 ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA ) အဖွဲ့အစည်းအမည် အလွဲသုံးစားပြုလုပ်ကာ ငွေကြေးကောက်ခံမှုရှိခဲ့ပါက BPLA ၏ တရားဝင်လူမှုကွန်ယက် စာမျက်နှာ ( Facebook Page ) ထံ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း သိရပါတယ်။

 စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်မှာ  ပြည်သူ့ကာကွယ်ရေးတပ် ( PDF ) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အမည်ခံ၍ အခွန်ကောက်ခံခြင်းများပြုလုပ်လျက်ရှိပြီး အခွန်ဆောင်ခြင်းမရှိပါက မိုင်းခွဲတိုက်ခိုက်ခြင်း ၊ သေနတ်ဖြင့် ပစ်ဖောက် ခြောက်လန့်ခြင်းများ မကြာခဏ ကြုံတွေ့နေရကြောင်း သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img