ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းယော်တိုက်နယ် ဝမ်ကတ်ကျေးရွာ ၊ မိုင်းကြတ်ကျေးရွာ တို့တွင် အာဏာသိမ်းစစ်ကောင်စီ နှင့် တအောင်းတပ်မတော် TNLA + ကိုးကန့်တပ်မတော် MNDAA တို့ စစ်ရေးတင်းမာနေလို့ ဒေသခံပြည်သူတွေ လုံခြုံရေးစိုးရိမ်နေရကြောင်းသိရပါတယ်။
ဒေသခံတစ်ဦးက – “ ဝမ်ကတ်ကျေးရွာ ၊ မိုင်းကြတ်ကျေးရွာ အနီးတစ်ဝိုက်မှာ ဒီရက်ပိုင်းအတွင်းမှာပဲ စစ်တပ်က စစ်ကြောင်းထိုးဝင်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ TNLA နဲ့ MNDAA တွေနဲ့ စစ်ရေးအရတင်းမာနေကြတာ ၊ သူတို့တွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ တော်တော်လေးနီးနီးကပ်ကပ်ရှိနေကြတာ ၊ ဘယ်လောက်တောင်နီးကြလဲဆိုတော့ လယ်တစ်ကွက် နှစ်ကွက်စာလောက်ပဲ ဝေးကြတော့တာ “ လို့ ပြောပါတယ်။
“ သူတို့တွေ ဒီလိုစစ်ရေးတင်းမာနေကြတာ ကျွန်တော်တို့လို တောင်သူလယ်သမားတွေအတွက်က ရိတ်သိမ်းရာသီလည်းဖြစ်နေတော့ တိုက်ပွဲဖြစ်ခဲ့ရင် ကျွန်တော်တို့အတွက် ဆုံးရှူံးမှုတွေဖြစ်တာပေါ့ ၊ ပြီးရင် အခုက ကုန်စျေးနှုန်းတွေကလည်း အဆမတန်တက်နေတော့ တစ်ခါပျက်စီးသွားရင် နောက်တစ်ခါပြန်စိုက်ပျိုးဖို့ မလွယ်လှဘူး “ ဟု ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မူဆယ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝိန်းလတောင်စခန်းကို KIA + MNDAA ပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်နိုင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ချို့ကိုလည်း KIA က သိမ်းပိုက်ခဲ့ကြောင်းလည်း သိရပါတယ်။
မိုင်းယော်တိုက်နယ်ထဲတွင် အာဏာသိမ်းစစ်ကောင် နှင့် TNLA + MNDAA တို့စစ်ရေးတင်းမာနေ
Related articles