ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည့်အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စည်တော်တီး ရာမှ စည်ပေါက်ထွက်

Photo : Credit

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ ကျင်းပတဲ့ ဖောင်တော်ဦးဘုရားပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဖြစ်သူတို့ တက်ရောက်ခဲ့ပြီး အင်းလေးဖောင်တော်ဦး ဘုရားပွဲတွင် စည်တော်တီး ရာမှ စည်ပေါက်ထွက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။

အောက်တိုဘာ ၂၁ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်ဇနီးတို့ ဖောင် တော်ဦးဘုရားပွဲတက်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၉ရက်မှာ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ အပူဇော်ခံချိန် ဟဲဟာရွာမမှ ငါးဖယ်ချောင်းသို့ ကြွချီစဉ် စည်တော်တီးကြရာ စည်တော်ပေါက် ကွဲသွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ ဗေဒင်နက္ခတ်သဘောအရ “ထီးကျိုးစည်ပေါက် ထီးနန်းပျောက်” ဆိုသည့်အတိုင်း လက်ရှိအုပ်ချုပ် နေသူ ဘုရင်(သို့)ခေါင်းဆောင်သည် ဂြိုလ်ဆိုးဝင်ရောက်စီးနင်းသည့်အတွင် စည်တိုင်ပေါက်ခြင်းဖြစ် ကြောင်း အင်းလေးမြို့ခံ ဗေဒင်နက္ခတ်ကျွမ်းကျင်သူများက ဆိုပါတယ်။

“ဖောင်တော်ဦးဘုရားပွဲကျင်းပခဲ့တဲ့နှစ်စဉ် နှစ်တိုင်း အခုလိုစည်ပေါက်တာ အခုပထမဆုံးပဲ တခါမှ မကြုံဖူး သေးဘူး” လို့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။

 အင်းလေးဖောင်တော်ဦး ဘုရားပွဲကို ကိုပစ်ရောဂါကြောင့် ၃ နှစ်တာ ရပ်နားခဲ့ရပြီး ပြန်လည်ကျင်းပခွင့်ရ သည့် နှစ်မှာ ယခုလို စည်တော်ပေါက်ခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံများက ပြောဆိုနေကြပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img