စက်တင်ဘာ ၁၀ရက်၊ ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ထမ်မဆိုင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မွှားကောင် ကိုက်ခံရပြီး တစ်လအကြာမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မိန်းခလေးငယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက မွှားကောင်ကိုက်ခံခဲ့ရလို့ အဖျားတက်လိုက်ကျလိုက်ဖြစ်ပြီး တစ်လအကြာမှာ သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ မွှားကောင်များသည် စိုက်ခင်းများ ခြုံများနဲ့ အိမ်မွှေးတိရစ္ဆာန်တွေရဲ့ ကိုယ်ပေါ်ရှိနေတတ်ပြီး ကပ်ပါးကောင်အမျိုးအစားဖြစ်ပါတယ်။
ယခုလို မွှားကိုက်ခံရသည့်ဖြစ်စဥ်မျိုး တောင်ပေါ်ဒေသမှာ မကြာခနဆိုသလိုကြားသိနေကြရပြီး အချိန်မလွန်မီ အသက်ဆုံးရှုံးခြင်း မရှိစေရန် ခလေးများ အဖျားကြီးပါက မွှားကောင်ကိုက်ခံရခြင်းရှိမရှိကို နီးစပ်ရာ ကျန်းမာရေး ဆေးရုံ ဆေးပေးခန်းများသို့ သွားရောက် စစ်ဆေးသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။
Credit – photo