ဒေသစွန့်ခွာ
စက်တင်ဘာ ၂၅ရက်၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စု ကုန်းဆာကျေးရွာမှာ TNLA တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းရေးအတွက် ရွာထဲက ပလောင်လူမျိုးတွေကို လာရောက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကတဆင့်သိရပါတယ်။
လက်ရှိအချိန်မှာတော့ ရွာခံပလောင်လူမျိုးတွေအနေနဲ့ TNLAမှ ကျောင်းတက်နေတဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားမှာစိုးတာကြောင့် ကျောင်းသားမိဘတွေကတော့ ပိုင်ဆိုင်တဲ့ အိမ်၊ လယ်၊ မြေ တို့ကိုစွန့်ခွာပြီး မိမိတို့ကလေးနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
“ဒီလ ၁၉ရက်နေ့ ည ၈ နာရီမှာ TNLA တပ်သားတွေ အရပ်ဝတ်နဲ့အိမ်ထိလာပြီး တစ်ယောက် ဖမ်းခေါ်သွားတယ်. ၂၃ ရက်နေ့ ည ၉နာရီထိုးခါနီးမှာလည်း တစ်ယောက်လာဖမ်းသွားသေး တယ်။ ဒီကုန်းဆာရွာထဲထိ လာဖမ်းတာ အခုဆို ဘယ်သူမှရွာထဲ မနေရဲတော့ဘူး။ သူတို့လာဖမ်းတဲ့အိမ်မှာ ယောကျာ်းလေးမရှိတာ ဒါမှမဟုတ် ဖွက်ထားတာတွေဆို ရှိတဲ့မိန်းကလေး ဖမ်းခေါ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လတ်တလောမှာ ဖြစ်ပွားနေတဲ့TNLAရဲ့ထိပ်တိုက် တိုက်ပွဲတွေကြောင့် TNLAမှ တပ်သားသစ်တွေ အရေးပေါ်လိုအပ်နေပုံရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
Credit – photo