စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၃
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ဟာ စက်တင်ဘာလထဲတွင် မူဆယ်မြို့နယ်မှာ အာဏာသိမ်းစစ် ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် တန့်ယန်းမြို့နယ်က ကျေးရွာတစ်ချို့ကို ဝင်ပြီး သစ်သားသစ်လိုက်လံစုဆောင်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါ တယ်။
ယမနေ့ စက်တင်ဘာလ ၁၈ ရက်နေ့က TNLA အရာရှိတစ်ဦးနှင့် နောက်လိုက် ၆ ဦးတို့က ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်မော်ဒေသဘက်မှာ ရှိတဲ့ ကျေးရွာ အုပ်စု ၄ အုပ်စုက ပလောင် ကျေးရွာတွေကို တပ်သားသစ်လိုက်ကောက်နေတာဖြစ်ပါတယ်။
“ သူတို့ တပ်သားသစ်လိုက်စုဆောင်းနေတာ ဟုတ်ပါတယ်ဗျ၊ တရွာကို သုံးယောက်နှုန်းနဲ့ ကောက်နေတာ၊ ပြည်သူတွေကတော့ ကြောက်နေကြတာပေါ့၊ ဒီနယ်မြေကျတော့ မန်ပန်ပြည်သူ့စစ်လှုပ်ရှားတဲ့ ဒေသ လည်း ဖြစ်တယ်ဆိုတော့ ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့စစ်ဘက်က TNLA ရဲ့ တာဝန်ရှိသူတွေနဲ့ ပြန်ညှိနှိုင်းပေးမယ်လို့ သိရတယ် ” လို့ ဆိုပါတယ်။
အဆိုပါ ကျေးရွာအုပ်စုများမှာ နောင်လိုင်ကျေးရွာအုပ်စု၊ နမ့်မူစယ်ကျေးရွာအုပ်စု၊ ပါဖန်ကျေးရွာအုပ်စု၊ လွယ်ဆမ်ငမ်ကျေး ရွာအုပ်စုဖြစ်ပြီး တစ်ရွာကို ၃ ယောက်နှုန်းဖြင့် တပ်သားသစ်စုဆောင်းနေတာ လို့ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါတယ်။
TNLA ဟာ စက်တင်ဘာလထဲတွင် မူဆယ်မြို့နယ်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက်ပိုင်း စယ်လန့်ဘက်က လုပ်ငန်းရှင်များ၊ စတိုးဆိုင်တွေမှာ အခွန်အဆမတန်ကောက် ခံနေပြီး ယခုအခါမှာ လွယ်မော်ဒေသက ကျေးရွာတွေကို တပ်သားသစ် လိုက်လံစုဆောင်းနေတာ ဖြစ်ပါတယ်။
Credit – photo