တနင်္သာရီတိုင်းတွင် NUG လမ်းညွှန်မှုဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ အခြေခံစစ်သင်တန်း ကျင်းပပြုလုပ်

Photo : Credit

အမျိုးသားညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းတွင် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အခြေခံစစ်ပညာ သင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

NUG ရဲ့ One Year Plan အရ နွေဦးကာလမှာ ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန် မြှင့်တင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသားဦးရေ ၈၀ ခန့်တက်ရောက်သင်ကြားခဲ့ကာ အဆိုပါစစ်ပညာ အခြေခံသင်တန်း မှာ နှစ်ပတ်ပြည့်ခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ စစ်ပညာအခြေခံသင်တန်း မှာ စစ်ရေးပြ ၊ လက်နက်ငယ်ဖြုတ်တပ်ခြင်း နှင့် ပစ်ခတ်ခြင်း ၊ အခြေခံစစ်ရေး ၊ နိုင်ငံရေး နဲ့ သက်ဆိုင်သော ဘာသာရပ်အသီးသီး ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ကျင့်သုံးရမည့် စည်းကမ်း နှင့် ကျင့်ဝတ် များကို သင်ကြားပို့ချပေးကြောင်း သိရပါတယ်။

ထို့အတူ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တနင်္သာရီတိုင်း စစ်ဌာန ၊ စစ်ဆင်ရေးဌာန ရဲ့ Drone လက်ရုံး တပ်ဖွဲ့ (Drone Squad ) မှ မောင်းသူမဲ့ Drone သင်တန်းဆင်ပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီးကြောင်း သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img