ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ – လားရှိုး ကားလမ်းမ ပေါ်ရှိ စဉ့်အင်ရွာသား စိုင်းစံမိန်းကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
အမျိုးတော်စပ်သူတစ်ဦးက – သူ့ကို ဘယ်သူဘယ်ဝါလည်းမသိဘူး ဒီရွာက ဒေါ်နုအိမ်မှာ ဘာမှမပြောမဆိုပဲ တုတ်ချည်သွားပြီး ကားနဲ့ခေါ်သွားတာ ၊ သူကလည်း ရွာထဲမှာ ဘာပြဿနာမှမရှိထားဘူး ရိုးရိုးသာမာန်အရပ်သားပါပဲ ၊ ဘာကိစ္စနဲ့လာဖမ်းသွားလည်း အခုချိန်ထိမသိရဘူး၊ လာဖမ်းသွားတဲ့ချိန်မှာလည်း သူ့မိသားစု နဲ့ သူ့အမျိုးသမီးက ဒီမှာတောင်မရှိထားဘူး မိုးကုတ်မှာ “ လို့ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားခံရသူ စိုင်းစံမိန်းမှာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး စဉ့်အင်ကျေးရွာမှ လုပ်ဝိုက်ကျေးရွာအုပ်စု တိဝူးကျေးရွာသို့ ပြောင်းရွေ့နေထိုင်လာခဲ့သည်မှာ ၂နှစ်ရှိပြီဖြစ်ကြောင်းလည်း သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခိုးဆိုးလုယက်မှု ၊ ပြန်ပေးဆွဲမှုများ ပေါများလာပြီး မြို့ကြီးများနှင့် နေရာဒေသတစ်ချို့တွင် ပေါက်ကွဲမှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိပါတယ်။
စဉ့်အင်ကျေးရွာ အမျိုးသားတစ်ဦးကို အမည်မသိလူတစ်စု ဖမ်းဆီးခေါ်ဆောင်
Related articles