စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLAတို့ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲ ထပ်မံဖြစ်ပွား

စက်တင်ဘာ ၁၇ရက်၊၂၀၂၃

အာဏာသိမ်းစစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတို့ဟာ စက်တင်ဘာလ လဆန်းပိုင်းကနေ ယနေ့အချိန်ထိ စစ်ရေးတင်းမာမှုတွေနဲ့အတူ တိုက်ပွဲသံတွေပါ ကြားနေရတာဘဲ ဖြစ်ပါတယ်။

Photo credit.

ယနေ့ စက်တင်ဘာလ ၁၇ရက်နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေး ရွာအုပ်စုမှာ စစ်ကောင်စီနဲ့ TNLAတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ နံနက် ၇နာရီ ခွဲဝန်းကျင်ခန့်တွင် လူအင်အား၁၅၀ ခန့်ရှိသော စစ်ကောင်စီတပ်အမှတ် (၉၉)နဲ့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စုမှ ၂ မိုင်ခန့်ဝေးသော လွယ်ဝိန်းနန်း (လွႆဝဵင်းၼၢင်း) မှာ နေရာယူထားတဲ့ TNLAတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဆိုပါ တိုက်ပွဲဟာ မွန်းလွဲ ၂ နာရီခန့်တွင် ငြိမ်သက်သွားကြောင်း သိရပြီး နှစ်ဦးနှစ်ဖက် အကျအဆုံးကိုတော့ စုံစမ်းထားဆဲဖြစ်ပါတယ်။

Photo Credit.

စစ်ကောင်စီနဲ့ TNLAတို့ဟာ သြဂုတ်လကုန်ပိုင်းမှစ၍ စက်တင်ဘာလအလယ်ထိကို မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု၊ နမ့်အွမ်ကျေးရွာအုပ်စုတို့မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားကာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ လက်နက်ကြီးကြဲချမှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်၊ စည်းစိမ်ဥစ္စာနဲ့ ဘုန်းကြီးကျောင်းတစ်ချို့ ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

Credit -photo

#shanstatechannel

#TNLA

#မူဆယ်

#တိုက်ပွဲထပ်မံဖြစ်ပွား

Latest articles

spot_imgspot_img

Related articles

spot_imgspot_img