ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ယမနေ့အောက်တိုဘာ ၁၃ ရက်နေ့က ၃ နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ထား ပါတယ်။
အောက်တိုဘာလ ၁၃ ရက်၊ မနက် ၁၁ ကျော်ခန့်မှာ ကွတ်ခိုင် ရှုခင်းသာမှာ တစ်ကြိမ်၊ နမ့်ကတ်ရွာဘက်မှာ တစ်ကြိမ်၊ လိုင်ရွှေကျေးဘက် တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားတာလို့ ဆိုပါတယ်။
စစ်ကား ၂၄ စီးနဲ့ စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ အခုလို တိုက်ပွဲ ပြန်လည် ဖြစ်ပွားတာလို့ PSLF/TNLA ကပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ TNLA တို့ ဇူလိုင်လမှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ တိုက်ပွဲ ၇၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။