စက်တင်ဘာ ၃ရက်၊၂၀၂၃
နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ချို့တဲ့နေကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မူးဝေပြီး ပျို့အန်ခဲ့တဲ့အတွက် အကျဉ်းဦးစီး ဆေးမှူးချုပ်က သွားရောက်ကြည့်ရှုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သွားဖုံးယောင်ပြီး၊ သွားနာနေတဲ့ ဝေဒနာကြောင့် အစားမစားနိုင်ဖြစ်နေတဲ့ အခြေအနေမှာ ပြင်ပသွားဆရာဝန်နဲ့ပြဖို့ ခွင့်တောင်းထားတာကို စစ်ကောင်စီက ပယ်ချခဲ့တယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းမှာ ပြစ်ဒဏ်တွေ လျှော့ပေါ့ခဲ့ပေမယ့်၊ နေပြည်တော်အကျဉ်းထောင်မှာ နှစ်ပေါင်း ၃၀ နီးပါး အကျဉ်းချထားဆဲ ဖြစ်ပါတယ်။
Credit – photo