နမ့်ဖတ်ကာ က စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ မိသားစုတစ်စုကို စစ်ကောင်စီက ရွှေဖီဦးကော်ဖီ နှင့် နို့ဆီ ဖြင့် နှစ်သိမ့်

စက်တင်ဘာ ၄ရက်၊၂၀၂၃

ရှမ်းပြည်မြောက်ပိုင်း ‌ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို စစ်တပ်က သွားတွေ့ကာ ရွှေဖီဦးကော်ဖီ ၃ ထုပ်နဲ့ နို့ဆီဗူး ၁ ဗူး ပေးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

Photo credit.

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်က နမ့်ဖတ်ကာကျေးရွာထဲ လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးခဲ့ရတဲ့ မိသားစုဝင်နဲ့ စက်တင်ဘာ ၁ ရက်က စည်သဘန်ရွာမှာ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ မိသားစုဝင်တွေကို စက်တင်ဘာ ၂ ရက်မှာ စစ်ကောင်စီတပ်က သွားတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

စည်သဘန်ရွာမှာ လက်နက်ကြီး ပေါက်ကွဲတဲ့နေ့ဟာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်တပ်ဘက်က လက်နက်ကြီး တစ်ဖတ်သတ် ပစ်ခတ်ခဲ့တာဖြစ်ပြီး စည်သဘန်ရွာထဲ လက်နက်ကြီး ပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကျည်ခွံတွေကို လာကောက်သွားတယ်လို့ သိရပါတယ်။

ဩဂုတ်လအတွင်း ရှမ်းမြောက်မှာ တိုက်ပွဲကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

Credit – photo

#shanstatechannel

#စစ်ကောင်စီ

#ကွတ်ခိုင်မြို့

#လက်နက်ကြီးပစ်ခတ်မှုကြောင့်

Latest articles

spot_imgspot_img

Related articles

spot_imgspot_img