သြဂုတ် ၃၁ရက်၊ ၂၀၂၃
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းနှစ်ခု ကို ယနေ့ သြဂုတ်လ ၃၁ ရက် မနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆို အရှေ့ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို ယနေ့ မနက် ၆ နာရီ ဝန်းကျင်တွင် တိုက်လေယာဉ် ၂ စင်းဖြင့် ဗုံးကိုးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ရှောင်တဲ အချို့ ပျက်စီးခဲ့ကြောင်း KNDF ထံမှ တစ်ဆင့် သိရသည်။
ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွင် မိသားစု ၁၅၀ ကျော် နေထိုင်ပြီး အများစုမှာ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ် များဖြစ်ကြပြီး ယခုလို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် စစ်ဘေးရှောင်များ စိုးရိမ်ထိတ်လန့်နေရကြောင်း သိရှိရသည်။
ကရင်နီပြည်နယ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာသည့်အတွက် တိုက်လေယာဉ်ဖြင့် မကြာခဏ ဗုံးကြဲလေ့ရှိတာကြောင့် ဒေသခံနေအိမ်တစ်ချို့ ပျက်စီးခဲ့ရသည်။
Credit – photo