ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် တရုတ်မဟာတံတိုင်းကြီး ဖျက်ဆီးခံရ

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃

တရုတ်နိုင်ငံရဲ့ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင်မဟာတံတိုင်းကြီးကို ဖြတ်ပြီးလမ်းဖောက်ဖို့အတွက် လူတစုက မြေတူးစက် နဲ့ တူးခဲ့တဲ့အတွက် မဟာတံတိုင်းရဲ့ အပိုင်းတပိုင်း ပျက်စီးသွားခဲ့ပါတယ်။

ယူယုမြို့နယ် ပြည်သူ့လုံခြုံရေးဗျူရိုကနေ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ရှူးကျိုးမြို့နားက မဟာတံတိုင်းရဲ့ အပိုင်းတပိုင်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဖုန်ထူနေတဲ့ လမ်းတလမ်းနဲ့ မဟာတံတိုင်းရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတွေကို ပြသထားတာဖြစ်ပါတယ်။

photo credit.

ဩဂုတ် ၂၄ ရက်က ပျက်စီးဆုံးရှုံးမှုအတွက် ပထမဆုံး သတိပေးချက်တရပ်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပြီး မြေတူးစက် သုံးခဲ့သူတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် သံသယရှိသူနှစ်ဦးကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားပြီလို့ သိရပါတယ်။

ဒီလူစုဟာ အချိန်နဲ့ခရီးအကွာအဝေး သက်သာစေဖို့ မဟာတံတိုင်းကြီးကို ဖြတ်ပြီး လမ်းဖောက် ဖို့ တူးဖော်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Credit – photo

#shanstatechannel

#china

#မဟာတံတိုင်းကြီးဖျက်ဆီးခံရ

Latest articles

spot_imgspot_img

Related articles

spot_imgspot_img