PSLF/TNLA တပ်ဖွဲ့ဝင်များက စယ်လန့်ရှိ ရှမ်း သမိုင်းဝင်ရှေး‌ဟောင်းမြို့ရိုးကို ဖြိုဖျက်ခဲ့တဲ့ လုပ်ရပ်အပေါ် SSPP/SSAမှရှုံ့ချဆန့်ကျင်ကြောင်း ထုတ်ပြန်ကြေငြာ

Photo : Credit

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နယ်၊ စယ်လန့်မှာ ရှိတဲ့ ရှမ်းဧကရာဇ်မင်းကြီး စဝ်ဆေခန်ဖလက်ထက် ကတည်းကတည်ရှိခဲ့တဲ့ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များက သြဂုတ်လ ၁၂ရက်နေ့က ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလုပ်ရပ်ဟာ လူမျိုးတစ်မျိုးရဲ့ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များအား ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့ သဘောမျိုးဆောင်တာကြောင့် ယခုလို မထေမဲ့မြင်ပြုမှုတွေဟာ မည်သည့်အကြောင်းမျိုးနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ ကျူးလွန်မှုမျိုး ဖြစ်တာကြောင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ်တာကိုမှ လက်သင့်ခံမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ယခုလို ကျူးလွန်လိုက်တဲ့ လုပ်ရပ်ကြောင့် ရဟန်းရှင်လူ ပြည်သူများ ကျေနပ်ကျေအေးမှုရှိသည်အထိ သက်ဆိုင်ရာ တာဝန်ရှိ တာဝန်သိတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှ ရှင်းလင်းပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားပါသေးတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img