( ၃၅ ) နှစ်မြောက် ( ၈ ) လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်ကို ထိုင်းရောက် မြန်မာကျောင်းသားများ စုဝေးပြီး ထိုင်းနိုင်း ချင်းမိုင်းတွင် ကျင်းပခဲ့ကြပါတယ်။
သြဂုတ်လ ( ၈ ) ရက်နေ့က ( ၃၅ ) နှစ်မြောက် ( ၈ ) လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ချင်းမိုင် တက္ကသိုလ်ကျောင်းဝန်းထဲမှာ ည ( ၇ ) နာရီတွင် ထိုင်းရောက်မြန်မာကျောင်းသားများ ညသပိတ် စုဝေး ကျင်းပ ခဲ့ကြပါတယ်။
သပိတ်အတွင်း ပါဝင် လှုပ်ရှားကြသော သူတွေတစ်ဦးချင်း ကိုယ်စီ မီးထွန်းညှိထားသော ဖယောင်းတိုင် ကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက်ခဲ့ကာ ခေတ်အဆက်ဆက် ကျဆုံးသွားသောသူများကို အလေးပြုခြင်း ၊ ဂုဏ်ပြုကဗျာ ရွတ်ဆိုကြကာ စစ်အာဏာရှက်က အမျိုးမျိုး ဖိနှိပ်ဆက်ဆံ ခံရသည့်ကြားကနေ အလျှော့မပေးပဲ ကြိုးစားတွန်းလှန်ကြတဲ့ နမိတ်ပုံရိပ်တွေ ၊ အသက်သွေးပေးခဲ့ရတဲ့ သွေးစွန်းပုံရိပ်တွေ ကို စုပေါင်းပြီး သရုပ်ဖော်ပြသ ခဲ့ကြပါတယ်။
သပိတ်လှုပ်ရှားမှုအတွင်းမှာ မြန်မာကျောင်း / သူများ သာမက ထိုင်းနိုင်ငံရောက်ရှိနေသော မြန်မာပြည်သူများ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများလည်း ပါဝင်တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။