အာဏာသိမ်းစစ်ကောင် နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး မူဆယ်မြို့နယ်လမ်း ဖျက်ဆီး

Photo : Credit

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းရွာ နဲ့ ပန်ကြုံကျေးရွာ ကြားရှိ လမ်းမကို အာဏာသိမ်းစစ်ကောင်စီ တပ်မ ( ၉၉ )  ၊ နမ်းခမ်းမြို့မ ပြည်သူ့စစ် ၊ လုံထန်ပြည်သူ့စစ် တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြေကော်စက်နဲ့ ဖျက်ဆီးလိုက်ပါတယ်။

“ သူတို့တွေ က မနက် ကနေ နေ့လည်အထိ အဲ့လမ်းမကို ခဏပိတ်ပြီး အသွားအလာ မပေးလုပ်ဘူး ၊ သူတို့လည်း ပြန်ထွက်သွားရော ကျွန်တော်တို့သွားကြည့်တော့ လမ်းကို မြောင်းအကြီးကြီး အဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ တူးသွားတာ ၊ ဒီအနီးအနားမှာလည်း လက်နက်ကိုင်တွေ အဲ့လမ်းမ အပေါ် သွားလာလုပ်ရှားနေတာ သူတို့တွေ့လို့  လုပ်တာလားမသိဘူး ၊ နောက်ဆုံးတော့ ကျွန်တော်တို့ ဒေသခံတွေပဲ အသွားအလာ နဲ့ တောင်ယာသွားချိန် အခက်ခဲရှိတာပေါ့ “  လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ တအောင်းတပ်မတော် ( TNLA ) တို့  သြဂုတ်လဆန်းပိုင်း တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားရာ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်လျှက်ရှိပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ သဘောလည်း ရှိတယ်လို့ သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img