သားအမိ နှစ်‌ယောက် မှိုထွက်ရှာရင်း မိုင်းနင်းမိ၊ သားဖြစ်သူ ပွဲချင်းပြီးသေဆုံး

Photo : Credit

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းအုပ်စု တောင်တလောင်ကျေးရွာတွင် သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်လောက်မှာ တောထဲသို့သားအမိနှစ်ယောက် မှိုရှာထွက်ရင်း အသက် ၁၂ နှစ်အရွယ် သားဖြစ်သူမှာ မိုင်းနင်းမိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၂ ရက်နေ့ကလည်း နမ္မတူမြို့နယ် ပင်လုံအုပ်စု ပန်ကိုင်ကျေးရွာတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တယ်လို့ သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၂ရက်နေ့ မွန်းလွှဲ ၂ နာရီလောက်က အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက် ရွာနားက တောင်ပေါ်မှာ နွားသွားကျောင်းရင်း မိုင်း‌ေတွ့ပြီးယူလာဆော့မိရာမှ ပေါက်ကွဲ မှုဖြစ်ပြီး ညာဖက်လက်ပြတ်ထွက်သွားရုံမက အဲ့ဒီနေရာမှာဘဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img