လဲချားမြို့မှာ အာဏာသိမ်းစစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲ ဖြစ်ပွါးရာ စစ်ကောင်စီဘက်မှ အကျဆုံး များပြား

Photo : Credit

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်မှာ သြဂုတ်လ ၆ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ နံနက် ၆ နာရီကနေ ညနေ ၂ နာရီအထိ ဖြစ်ပွါးခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်းကျဆုံး ၊ စစ်သုံ့ပန်း ၂ ယောက်ဖမ်းဆီးရပြီး ၊ ကားတစ်စီးနှင့် လက်နက်ခဲယမ်းအချို့ကို အာဏာသိမ်း စစ်ကောင်စီထံမှ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ် ။

ရှမ်းပြည်တိုးတက်ရေးပါတီ  ရှမ်းပြည်တပ်မတော် (SSPP/SSA)ဘက်က တစ်ဦးသာကျဆုံးခဲ့တယ်လို့ သိရပါတယ် ။

” ဟုတ်ပါတယ် မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျဆုံးတာများတယ် ကျဆုံးမှုနဲ့ ဒဏ်ရာရလူ ၂၀ ထက်မနည်းဘူး ၊ လဲချားဆေးရှုံမှာ အလောင်းတစ်ယောက်သွားထားတယ် ကျန်တဲ့လူတွေတော့ သူတို့တပ်ထဲက ပြန်သယ်သွားတယ် ၊ ကျွန်တော်တို့ဘက်ကလည်း တစ်ယောက်ကျဆုံးတယ် လို့ ” sspp စစ်မြေပြင်တာဝန်ရှိသူတစ်ယောက်ကပြောပါတယ် ။

အာဏာသိမ်း စစ်ကောင်စီတို့ဘက်မှ ပြည်သူ့နေအိမ်များကိုပါ စက်သေနတ်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာအနီးကရွာတွေဖြစ်တဲ့ နောင်ကျန်၊ ဝန်လုတ်ရွာ နမ့်ပေါက်ရွှာ ဒေသခံပြည်သူများအနေဖြင့် ဟိုင်းဆိုင်အုပ်စု သို့ထွက်ပြေးတိမ်းရှောင်နေကြရကာ စစ်ဘေးရှောင် ရာနဲ့ချီရှိနေနိုင်တယ်လို့သာသိရပြီး စစ်ဘေးရှောင်ဦးရေအတိအကျကိုတော့ မသိရသေးဘူးလို့ နီးစပ်ရာဒေသခံကပြောပါသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့်ပင်လုံ-လဲချား-မိုင်းနောင်ရဲ့ ကားလမ်းမကြောင်းများကိုပိတ်ဆို့ထားပြီး ကားများသွားလာခွင့်မပေးဘူးလို့ ထပ်ပြောပါသည်။

နှစ်ဦးနှစ်ဖက်လုံးကတော့ စစ်ရေးအရ အတော်လေးတင်းမာနေကြပြီး ဒီကနေ့ မနက်မှာတော့ သေနတ်ဖောက်သံတွေ တစ်ချက်တစ်ချက်ကြားနေရကာ တိုက်ပွဲဆက်လက်ဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း သိရပါသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img