လဲချားမြို့နယ်တွင် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် SSPP/SSA တို့ တိုက်ပွဲပြင်းထန်

Photo : Credit

ရှမ်းပြည်တောင်ပိုင်း ၊ လဲချားမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း SSPP ၏ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါသည်။

ယနေ့ သြဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်မှာ အာဏာသိမ်းစစ်ကောင်စီက အင်အား ၇၀ ဝန်းကျင်ဖြင့် SSPP/SSA တပ်စခန်းတည်ရှိရာ လဲချားမြို့နယ်၊ ဟိုင်းဆိုင်အုပ်စု နမ့်ပေါက် ကျေးရွာအနီးကို စတင်ထိုးစစ်ဆင်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ နှစ်ဖက်တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုအရေအတွက်ကို အတည်မပြုနိုင်သေးဘူး လို့ သိရသည်။

လဲချားမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်း ၁၀ နေရာလောက်ကို အကြမ်းဖက်စစ်ကောင်စီက တပ်နောက်ဆုတ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးပြီး SSPP အနေဖြင့် ဌာနချုပ်လုံခြုံရေး အကြောင်းပြုကာ တပ်ကို နောက်မဆုတ်ပေးနိုင်ဟု ပြန်လည် အကြောင်းပြန်ထားခဲ့ကြောင်း သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img