လဲချားမြို့နယ်တွင် မန်ပန်ပြည်သူ့စစ် ယာဉ်တန်း မိုင်းဆွဲခံရ၊ တပ်သား နှစ်ဦးသေဆုံး

Photo : Credit

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် မန်ပန်ပြည်သူ့စစ် အရာရှိ၏ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အရာရှိ တစ်ဦး ဒဏ်ရာရ၊ တပ်သား နှစ်ဦး သေဆုံးသွားကြောင်း သိရသည်

ယမနေ့ (ဇူလိုင်လ ၃၀ )ရက်ညနေပိုင်း ၄ နာရီဝန်းကျင် တွင် လဲချားမြို့နယ် အရှေ့ဘက်ရှိ တင်းလီကျေးရွာ သစ် ရွာဝင်လမ်း အနီး စလိုင်းခုမ် လမ်းကြောင်း၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“မန်ပန်ပြည်သူ့စစ် အရာရှိ စဝ်တရဲ့ ယာဉ်တန်းလို့ သိရတယ်၊ မန်ပန်ဘက်ကနေ နမ့်ဟူး (ၼမ်ႉႁူးၽြႃးထမ်ႈ) ဘက်ကို ဦးတည်သွားနေတုန်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းတော့ မသိရဘူး” ဟု ဒေသခံများက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စဝ်တ နှင့် အတူ လိုက်ပါလာသည့် စိုင်းဖွေးဆိုသည့် အရာရှိ၏ ကား ထိမှန်ပြီး ၊ထိခိုက်ဒဏ်ရာရသည့် အပြင် ၎င်း၏ ကားအတွင်းလိုက်ပါလာသည့် တပ်သားနှစ်ဦး လည်း သေဆုံးသွားရကြောင်း သိရသည်။

မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့သည် လဲချားမြို့နယ် မန်ပန်ကျေးရွာ နှင့် နမ့်ဟူးဖလားထမ် (ၼမ့်ႁူးၽြႃးထမ်ႈ) တို့ဘက်တွင် လှုပ်ရှားနေလျက်ရှိကြောင်းလည်း သိရသည်။

လဲချားမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသော ဒေသဖြစ်သည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img