လားရှိုးမြို့နယ် အီနိုင်းအုပ်စု လွယ်ကန်ကျေးရွာအတွင်း မ ေန့ည ၇နာရီခွဲ ဝန်းကျင်အချိန်ခန့်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့မှ မိနစ်၂၀ ခန့်ကြာအောင် သေနတ်တွေပစ်ဖောက် ခဲ့တယ်လို့ ဒေသခံများမှတစ်ဆင့် သိရှိရပါတယ်။
အီနိုင်းကျေးရွာအုပ်စုအတွင်း တောင်တလောင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ခန့် ရှိနေပြီး လွယ်ကန် ကျေးရွာမှာတော့ TNLA တပ်ဖွဲ့တို့နေရာယူထားကာ နှစ်ဖက် စစ်ရေးတင်းမာနေချိန် TNLA ဘက်က စစ်ကောင်စီတပ်ဖွဲ့တို့ကို စိန်ခေါ်သည့်ပုံစံဖြင့် တဖက်သတ် သေနတ်တွေပစ်ဖောက်လို့ လွယ်ကန်ကျေးရွာ နှင့် တောင်တလောင် ကျေးရွာက ဒေသခံတချို့ တိုက်ပွဲဖြစ်မာစိုးရိမ်သည့်အတွက်ကြောင့် အီနိုင်းကျေးရွာဘက်သို့ ထွက်ပြေးသိမ်းရှောင်နေရတယ်လို့ သိရပါတယ်။