ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြိုနယ်၊ အီနိုင်းကျေးရွာအုပ်စု၊ ဆယ်မိုင်ကွေ့မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်စွဲထားတဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီက ဒီကနေ့ မနက် ၁၀ နာရီလောက်က စစ်ရဟတ်ယာဥ်တစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး TNLA တပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“အရင်က အဲ့နေရာမှာ ဗမာတပ်တွေ နေတာ၊ သူတို့မရှိတဲ့နောက်ကျတော့ TNLA က ပြန်လာနေတယ် အဲ့တပ်ကိုလည်း ပြန်လည်ထိန်းသိမ်းပြီးနေကြတာပေါ့ ဖြစ်ချင်တော့နေရာက သူတို့နေရာဟောင်းလည်းဖြစ်တယ် လားရှိး-နမ္မတူ ကားလမ်းနဲ့လည်းနီးတော့ မထားချင်လို့ထင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။