လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်သားအချို့ အိမ်တိုင်းစေ့အိမ်တက်အိမ်ဆင်း စစ်ဆေးနေ

Photo : Credit

သြဂုတ်လ ၁၀ရက်နေ့က လားရှိုးမြို့နယ်၊ဟိုပိတ်အုပ်စု၊ နမ့်နွန်းရွာနဲ့ ကွန်ကိုင်းကျေးရွာတို့မှာ ဟိုပိတ်တစ်ဝိုက် သွားလာလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်သားအချို့ဟာ ရွာထဲကအိမ်တွေကို အိမ်တိုင်းစေ့ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံ စစ်ဆေးနေတယ်လို့သိရပါတယ်။

“အိမ်ပေါ်ရောက်ရင် အိမ်ထောင်စုနဲ့ မှတ်ပုံတင်တွေတောင်းကြည့်တယ် အိမ်ထောင်စုစာရင်းထဲ မပါရင်ဖမ်းခေါ်သွားတယ် အိုက်ခမ်းလို့ခေါ်တဲ့ လူတစ်ယောက်ပါသွားတယ်လို့ကြားတယ် တစ်ချို့တွေက အိမ်ထောင်စုလုပ်ရတာ အလုပ်ရှုပ်လို့ မထည့်တာတွေရှိတယ်လေ ဒီနေ့ထိတော့ အိုက်ခမ်းအခြေအနေတော့ ဘာမှမသိရသေးဘူး”လို့ဒေသခံတစ်ဦးကပြောပါတယ်။

 ဒီကနေ့မှာတော့ ဟိုပိတ်ရွာကိုအိမ်တိုင်းစေ့ လိုက်လံစစ်ဆေးမယ်လို့လည်း ကြားရှိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img