လားရှိုးမြို့နယ်တွင်းမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာ

Photo : Credit

သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်း ၅နာရီခွဲ ဝန်းကျင်ခန့်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၁၆) ၊ လားရှိုးခရိုင် ဟိုပိတ်ကျေးရွာအုပ်စုက စစ်ကောင်စီတပ် အမှတ် ခလရ(၆၈) တပ်နဲ့ ပန်ဖတ်ကျေးရွာအနီးတစ်နေရာကနေ လက်နက်ကြီးဖြင့် ခိုလောင်းကျေးရွာ အရှေ့ ဘက်သို့ ဦးတည်ပြီး ည ၈ နာရီကျော်ကြာသည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ရတဲ့အကြောင်းကတော့ TNLA ရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးခဲ့လို့ တိုက်ပွဲဖြစ်ရတာပါလို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်မှ သြဂုတ်လ ၉ ရက်နေ့က လက်နက်ကြီး အချက် ၂၀ နဲ့ ၁၀ရက်နေ့ မှာတော့ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်အမျိုးအစားနဲ့ပါ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ယခုချိန်မှာတော့ရှမ်းပြည်နယ်မြောင်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ် မြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး TNLAတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို စစ်ကြောင်းထိုးနေကာ စံလောကျေးရွာရဲ့ အရှေ့ဘက်အရပ်မှာရှိတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ကလည်း အင်အားတွေဖြည့်တင်းထားတာကြောင့် နှစ်ဦးနှစ်ဖက် စစ်ရေးအတော်လေးတင်းမာနေတယ် လို့လည်းသိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img