ဒီကနေ့ သြဂုတ်လ ၁၂ ရက်အထိ ရွှေစျေး တစ်ကျပ်သားကို ၃၇ သိန်း နှင့် ဒေါ်လာစျေး တစ်ဒေါ်လာ ကို မြန်မာငွေ ၃၅၀၀ ကျပ်အထိ တိုးမြှင့် လို့ လာနေပါတယ်။
ရွှေစျေး နဲ့ ဒေါ်လာစျေး သာမက အိမ်နီးချင်းနိုင်ငံ တရုတ် ယွမ်ငွေစျေးလည်း ၁၀၀ ယွမ်ကို မြန်မာငွေ ၅ သောင်းကျပ်အထိ ပေါက်စျေး ရှိနေပါတယ်။
ရွှေ ၊ ဒေါ်လာ နဲ့ ယွမ် စျေးတို့ တက်နေခြင်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီက မြန်မာငွေ ၂ သောင်းတန် ထုတ်မယ်လို့ ကြောညာပြီးကတည်းက တက်လာခဲ့ပေမဲ့ သြဂုတ်လ ၈ ရက်တွင် သိသိသာသာ တစ်ဟုန် ထိုးမြှင့်လို့ လာပါတယ်။
ဒီကနေ့ အထိ ရွှေ ၊ ဒေါ်လာ နဲ့ ယွမ် စျေး တို့ တက်နေခြင်းကြောင့် ဆန် တစ်အိတ်ကို ပျမ်းမျှ ၁ သိန်း ဝန်းကျင် ၊ စားသုံးဆီ ၁၀ ပိဿာ ၁ ပုံး ကို ပျမ်းမျှ ၁ သိန်းကျော် ဝန်းကျင် ၊ ကြက်သွန် ၁ ပိဿာ ကို ၆ ထောင် ဝန်းကျင် နှင့် စက်သုံးဆီ ၊ စားသုံးကုန် အမျိုးမျိုးတို့လည်း တိုးမြှင့် လို့လာနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် ( MFTB ) ၊ ရင်းနှီးမြှုပ်နှံမှု နဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။