မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ် ထိပ်တန်းဗိုလ်ချုပ်ကြီးကို ရာထူးမှထုတ်ပယ်ကာ စစ်ပွဲဆင်နွှဲရေး ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့၊ စစ်လက်နက်ထုတ်လုပ်မှု တိုးမြှင့်ဖို့နဲ့ စစ်ရေးလေ့ကျင့်မှုတွေ တိုး ချဲ့ဖို့ ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။
ယနေ့ပြုလုပ်တဲ့ အလုပ်သမားပါတီ ၈ ကြိမ်မြောက် ဗဟိုစစ်ဘက်ကော်မရှင်ရဲ့ အစည်းအဝေးမှာ ကင်ဂျုံ အန်က အခုလို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ကင်ဂျုံအန်က အစည်းအဝေးမှာ စစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး ပတ်ခ်ဆူအီလ်ကိုလည်း ရာထူးမှထုတ်ပယ်ခဲ့ တယ်လို့ KCNA က ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ရီယောင်ဂီလ်ကို လစ်လပ်နေရာမှာ ခန့်အပ်ခဲ့ ပါတယ်။
ကင်ဂျုံအန်က စစ်လက်နက်စက်ရုံတွေကို သွားရောက်လည်ပတ်ကာ ဒုံးကျည်တွေ၊ အမြောက်ကြီးတွေနဲ့ အခြားလက်နက်တွေ ပိုမိုထုတ်လုပ်ဖို့ ညွှန်ကြားပြီးနောက် အခုလို ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဉီးကို ရာထူးမှ ထုတ် ပယ်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ စစ်အင်အားကိုဖြည့်ဆည်းဖို့ အသုံးပြုတဲ့ အရံတပ်ဖွဲ့ဝင် အမြောက်အများရှိ တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်ပွဲဆင်နွှဲရေး အသင့်ပြင်ထားဖို့ ညွှန်ကြား
Related articles