မြန်မာနိုင်ငံတွင် လူ ခြောက်သောင်းကျော် ရေကြီးမှုဒဏ်ခံ ရတယ်လို့ ကုလပြော

Photo : Credit

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်စတဲ့ ပြည်နယ်တွေအပါအဝင် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန် တိုင်းဒေသကြီးတွေမှာပါ သြဂုတ်လ ပထမအပတ်အတွင်း မိုးများပြီး ရေကြီးခဲ့တာကြောင့် လူဦးရေ ၆ သောင်းကျော်အပေါ် ထိခိုက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ပြောပါတယ်။

ရေကြီးမှုအတွင်း လူ ၅ ယောက်လည်း သေဆုံးခဲ့တယ်လို့ ကုလရဲ့ စာရင်းမှာဖော်ပြပါတယ်။တခါ လူဦးရေ ၂ သောင်းနီးပါး ရေဘေးရှောင်ခဲ့ရတဲ့ ပဲခူးမြို့က နေရာအချို့မှာ ရေပြန်ကျလို့ နေရပ်ပြန်သူတွေရှိနေပေမဲ့ ရေဘေးရှောင်စခန်း ၁၃ ခုတော့ ဆက်ဖွင့်လှစ်ထားရဆဲလို့ သိရှိရပါတယ်။

စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်တယ်လို့ ပြောထားပြီး ကျန်ဒေသတွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြစ်ရေအခြေအနေကိုကြည့်ရင်လည်း ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၁ လက်မခန့် ကျော်နေပြီး ချင်းတွင်းမြစ်ရေစီးဆင်းတဲ့ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာတကြောမှာ မြစ်ရေတက်နေတာကို တွေ့ရပါတယ်။

ဩဂုတ်လ ပထမ ၁၀ ရက်တာအတွင်း ရေတက်ခဲ့တဲ့ သံလွင်၊ သောင်းရင်း၊ ပဲခူးမြစ်ရေတွေကတော့ သိသိသာသာပြန်ကျလာတာကို မိုးဇလရဲ့ ယမနေ့ မြစ်ရေအခြေအနေတိုင်းထွာချက်အရ သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img