ဖားကန့် မြေစာပုံပြိုကျမှုမှ အလောင်းအချို့ ပြန်လယ်ဆယ်ယူရရှိ

Photo : Credit

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မန်မှော်မှာ ဩဂုတ်လ ၁၃ ရက် ညနေပိုင်းက မြေစာပုံ ပြိုကျလို့ ရေကန်ထဲ နစ်မြုပ်သူတွေကို ရှာဖွေရာ ဒီကနေ့ ဩဂုတ်လ ၁၆ ရက်နေ့၊ မနက် ၈ နာရီအထိ ရုပ်အလောင်း ၃၀ ရှာဖွေ တွေ့ရှိထားတယ်လို့ ကူညီ ကယ်ဆယ်နေသူတွေက ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ရုပ်အလောင်း ၃၀ အနက် ၂၈ လောင်းကတော့ ပိုင်ရှင်ရှိပြီ ဖြစ်ပြီး ကျန် ၂ လောင်းကတော့ ပိုင်ရှင်မဲ့ ဖြစ်နေသေးကာ နာမည်တွေ မသိရသေးဘူးလို့ သူက ပြောပါတယ်။

“အခုလက်ရှိ မနေ့က ၂၅ လောင်း။ အခုမနက်က ၅ လောင်း။ ၈ နာရီမှာ။ ဆယ်နေတုန်း၊ အခု ဆယ်နေရင်း တန်းလန်းကြီးတချို့ကျတော့လည်း တစ်ယောက်ထဲ ကျောက်လာရှာပြီးတော့ နေကြတာ။ အခန်းနေ ပြီးတော့ ရှာတဲ့လူတွေလည်း ရှိတယ်လေ မှော်ထဲမှာ” လို့ သူက ရှင်းပြပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရာမှာ မိုးရွာပါက မြေတွေ ထပ်ထပ်ပြိုလာတာကြောင့် အခက်အခဲတွေ ဖြစ်နေရပြီး ရာသီဥတု အပေါ် မူတည်ကာ သတိနဲ့ ဆောက်ရွက်နေရတယ်လို့ သူက ဆိုပါတယ်။

“အခုက နေသာနေတယ်။ မနေ့ကတော့ မိုးရွာတော့ အန္တရယ် အခက်အခဲ အများကြီး ရှိတာပေါ့။ ဆယ်တာတွေ ပြန်တက်ပြေးလိုက် အဲလိုမျိုးလုပ် ရတာပေါ့” လို့ သူက ထပ်မံ ရှင်းပြပါတယ်။

နောက်ထပ် ဆယ်နိုင်တဲ့ အခြေအနေကိုတော့ ဒီကနေ့ ညနေ ၆ နာရီမှ ထပ်သိရမယ်လို့ သူက ပြောပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img