ပင်လောင်းမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

Photo : Credit

 ယခုရက်ပိုင်းအတွင်း မိုးတွေအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ်ထဲမှာ တစ်ပတ်ကျော်ကြာအောင် မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ပင်လောင်းမြို့နယ် အနိမ့်ပိုင်း‌ဒေသတွေ ရေချောင်းနဲ့ နီးတဲ့နေရာတွေဖြစ်တဲ့ ကွက်သစ် ရပ်ကွက်၊ အနောက်ရပ်ကွက်၊ စျေးတန်းရပ်ကွက်တွေရဲ့ အစွန်းမှာ ရေအများဆုံးကြီးနေတယ်လို့လည်း သိရပါတယ်။

“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကလည်း ရေကြီးရေလျှံတာတွေဖြစ်ခဲ့ဖူးပါတယ် အခုလို ‌ရေပြန်ကြီးတော့ ကျွန်တော်တို့ရဲ့ ခရမ်းချဥ်သီးစိုက်ခင်းတွေ၊ မုန်လာထုပ်စိုက်ခင်းတွေ ‌တော်တော်များများပျက်စီးကုန်ပြီ စိုက်ခင်းထဲမှာလည်း ရေတွေရှိနေတုန်းဘဲ လယ်ထဲရေဝင်တာကျတော့ စပါးတွေပြန်ရှင်နိုင်သေးတယ် စိုက်ခင်းတွေတော့ လုံးလုံးပျက်စီးသွားပါပြီ”လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် လမ်းပေါ်မှာမှာရေတွေရှိနေသေးတာကြောင့် ဖြတ်သန်းသွားလာနေကြတဲ့ ကားတွေ ဆိုင်ကယ်တွေပျက်စီးတာမျိုးသာရှိပြီး ကျန်တဲ့ ဆုံးရှုံးမှုကြီးကြီးမားမားတော့မရှိသေးဘူးလို့သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img