ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နားခိုလျန်ကျေးရွာတွင် ပထွေးဖြစ်သူမှ အသက် ၆ နှစ်အရွယ်ကလေးကို မုဒိမ်းကျင့်မှုဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ၆လ ပိုင်းတုန်းကလည်း ယာစပါးသွားစိုက်ကြရာ နားချိန်ရောက်တော့ ပထွေးဖြစ်သူက ယာတဲပေါ်တက်လာပြီး ကလေးအမေကိုမမြင်တာကြောင့် ကလေးကိုမုဒိမ်းကျင့်ဖို့ကြံစည်ခဲ့ဖူးတယ် လို့ သိရပါတယ်။
၄င်းအချိန်တုန်းကတော့ ကလေးအမေရောက်လာတာကြောင့် မပြုကျင့်ဖြစ်ခဲ့ဘူးလို့ လည်းသိရပါတယ်။
သို့သော်လည်း ဇူလိုင်လ ၁၅ ရက်နေ့မှာ လင်မယားနှစ်ယောက်စကားများကြပြီး မိန်းမဖြစ်သူက ကလေးကို အိမ်မှာထားခဲ့ပြီး အလုပ်လုပ်ဖို့ထွက်သွားခဲ့ပါတယ်။ ကလေးအမေအိမ်ပြန်ရောက်လာတော့ အမေမရှိချိန် အိမ်လယ်ခေါင်မှာ မုဒိမ်းကျင့်ခံရကြောင်း ကလေးကအမေဖြစ်သူကိုပြန်ပြောပြခဲ့တာကြောင့် ကလေးအမေက သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေကိုတိုင်ကြားခဲ့ပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ ရပ်ကွက်ဆိုင်ရာလူကြီးတွေရှေ့မှာ နှစ်ယောက်သားကွာရှင်းပြတ်စဲခဲ့ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ ထိန်းချုပ်ရေးနယ်မြေအတွင်း သက်ငယ်မှုဒိမ်းမှုဖြစ်တာကြောင့် SSPP/SSA နယ်မြေသက်ဆိုင်ရာလူကြီးတွေက ၂၇.၀၇.၂၀၂၃မှာ ပြစ်မှုကျူးလွန်သူ ကို ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။