ပြီးခဲ့သည့် မေလတုန်းက ထိုင်းအထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်နေရာအများဆုံး အနိုင်ရသွားတဲ့ Move Forward ပါတီက နောက်အစိုးရသစ်ာဖွဲ့စည်းမယ့် ညွန့်ပေါင်းအဖွဲ့ထဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်သစ်အဖြစ် မှန်းထားပြီး လူကြိုက်များတဲ့ Pita Limjaroenrat ဦးဆောင်တဲ့ Move Forward ပါတီက အောက်လွှတ်တော်အမတ် နေရာ ၅၀၀ မှာ ၃၁၂ နေရာ ကို ညွန့်ပေါင်းအဖွဲ့ထဲပါဖို့ စည်းရုံးနိုင်ခဲ့ပေမယ့်လည်း အစိုးရဖွဲ့ဖို့ မှာတော့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်အမတ်တွေက ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။
တော်ဝင်မိသားစုအပေါ် ဝေဖန်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်မယ့် အဆိုပြုချက်ကို ရှေးရိုးစွဲအမတ်တွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတာပါ။ တော်ဝင်မိသားစုဆိုင်ရာ ဥပဒေပြင်ဆင်ဖို့ Move Forward ပါတီရဲ့ အဆိုပြုချက်ကို အထက်လွှတ်တော်အမတ်တွေနဲ့ တခြားပါတီတွေက လက်မခံနိုင်ကြောင်း Pheu Thai ပါတီ ခေါင်းဆောင် Cholanan Srikaew က ပြောပါတယ်။
Pheu Thai ပါတီကတော့ အိမ်ခြံမြေသူဌေးကြိး Srettha Thavisin ကို ဝန်ကြီးချုပ်သစ်အဖြစ်တင်မြှောက်ဖို့ အကြံပြုထားပါတယ်။ လူကြိုက်များခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် Pita ကတော့ အမတ်အယောက် ၂၅၀ ပါတဲ့ အထက်လွှတ်တော်ကနေ ထောက်ခံမဲ ၁၃ မဲပဲ ရရှိခဲ့တာကြောင့် ဝန်ကြီးချုပ်ရာထူးနဲ့ လွဲခဲ့ပါတယ်။