ယနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ အီနိုင်းကျေးရွာ အုပ်စုထဲကို စစ်ကောင်စီဘက်က စစ်ရဟတ်ယာဥ် နှစ်စီးဖြင့် လားရှိုးမြို့ဘက်ကနေ လာရောက်လှည့်ပါတ်ပြီး လားရှိုးမြို့သို့ ပြန်ထွက်သွားတယ်လို့သိရပါတယ်။
လက်ရှိအခြေအနေမှာတော့ လားရှိူးမြို့နယ် အီနိုင်းကျေးရွာအုပ်စု တောင်တလောင်ကျေးရွာနဲ့ လွယ်ကန်ကျေးရွာ အနီးတွေမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ နှစ်ဖက်စစ်အင်အားတွေဖြည့်တင်းပြီး စစ်ရေးတင်းမာနေလို့ ဒေသခံပြည်သူတွေအနေနဲ့ ရွာအနီးတိုက်ပွဲဖြစ်မှာကိုစိုးရိမ်နေကြရတာဖြစ်ပါတယ်။