ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ်တွင်း စစ်ကောင်စီနဲ့ TNLA တို့တိုက်ပွဲဖြစ်ပွား

Photo : credit

မူဆယ်မြို့နယ် စယ်လန့်အုပ်စု နမ့်မွန်းရွာအနီးရှိ မြို့မပြည်သူ့စစ် အမှတ် (၂) နဲ့ TNLA တို့ ဇူလိုင်လ ၂၃ရက်နေ့ ညနေ ၄ နာရီလောက်က တိုက်ပွားဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်စဥ်မှာဇူလိုင်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီ၀န်းကျင်လောက်မှာ စစ်ကောင်စီဘက်က လူအင်အား အယောက် ၂၀ နဲ့ နမ့်မွန်းရွာ အနီးမှာစခန်းချနေတဲ့ TNLA တပ်သားများကို ချဉ်းကပ်ခဲ့ပေမယ့် TNLA ဘက်မှ ရှောင်တိမ်းထွက်သွားနိုင်ခဲ့ပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာတော့ TNLA ဘက်မှ လူအင်အားပြန်လည်စုစည်းကာ မိုက်ဆက်ရွာ ဘုန်းကြီးကျောင်းအနီးက ကုန်းပေါ်မှာနေရာယူပြီး မူဆယ်မြို့မှ စယ်လန့်ရွာဘက်သို့ VIGO ကားသုံးစီးနဲ့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စတင်ပစ်ခတ်ခဲ့ပြီးတိုက်ပွဲစခဲ့တယ်လို့ သိရပါတယ်။

နှစ်ဦးနှစ်ဖက်စစ်ကူတွေ‌ရောက်ရှိလာပြီး ည ၇နာရီ ၅၃ မိနစ်လောက်မှ တိုက်ပွဲသံတွေ ရပ်ခဲ့တယ်လို့ သိရပါတယ်။ TNLA ဘက်မှ အကျအဆုံးမရှိသော်လည်း မြို့မပြည်သူ့စစ် ဘက်က တစ်ဦးသေဆုံး၊ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိအချိန်တွင်တော့ မူဆယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img