ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား တင်ဆောင်လာသည့် ကားနှင့် ကုန်တင်ကား တိုက်မိ၊ မြန်မာနိုင်ငံသား ၅ ဦးသေဆုံး

Photo : Credit

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်တွင် မြန်မာနိုင်ငံသား တင်လာသည့် ဟိုင်းလပ်စ် ကားနှင့် ကုန်တင်ကားတို့ တိုက်မိရာ ယာဉ်မောင်း ၁ ဦး၊ မြန်မာ ၄ ဉီး အပါအဝင် ၅ ဦး က အခင်းဖြစ်ပွားရာ မှာ ပွဲချင်းပြီး ‌သေဆုံးခဲ့တယ်လို့ တာ့ခ်ခရိုင် အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါသည်။
ယာဉ်ပေါ်မှာ မြန်မာနိုင်ငံသား ၁၇ ဦးပါလာတာဖြစ်ပြီး ကျန် ၁၂ ဦးကတော့ တာ့ခ်ဆင်မဟာရတ် ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရသည်။
အဆိုပါ လူတွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချွန်ဘူရီဒေသမှာ အလုပ်လုပ်ကိုင်ရန် တရားမဝင် လာရောက်သူတွေဖြစ်တယ်လို့ ထိုင်းရဲက ပြောထားသည်။
” မီးပွိုင့်မှာ သူတို့ကိုတင်လာတဲ့ ကား နဲ့ ကုန်ကားနဲ့တိုက်တာ၊ တရားမဝင်မြန်မာတွေသယ်လာတာဆိုတော့ ယာဉ်မောင်းကလည်း အရှိန်ပြင်းစွာမောင်းပြီး စစ်ဆေးရေးဂိတ်တွေကိုဖြတ်ဖို့ကြိုးစားတာ အဲဒီမှာ တိုက်ကြတာ၊ ယာဉ်မောင်းက ကားထဲမှာ ညှပ်ပြီး သေတာပေါ့။ မြန်မာတွေကတော့ လွင့်စင်ထွက်ကျသေကြတာပါ” လို့ ဖြစ်စဉ်အခြေအနေကို ပြောပြထားသည်။
ဆေးကုသမှုခံယူနေသည့် မြန်မာနိုင်ငံသား ၁၂ ဦးကို လက်ရှိမှာ ထိုင်းလူ့အခွင့်အ‌ရေးအဖွဲ့တချို့က စောင့်ရှောက်ကုသမှုတွေလုပ်ပေးမှာဖြစ်ပြီး ဆေးကုသမှုခံယူပြီးပြီဆိုပါက တရားမဝင်ဝင်ရောက်မှုနဲ့ တရားစွဲဆို ခံကြရမှာဖြစ်တယ်လို့ သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img